Monday, January 07, 2013

အလွမ်းရဲ့ ည

တစ်ညလုံး…………
သောကမျက်ရည်တွေပဲ စိုရွှဲနေရ
သိမ်းဆည်းပြီးသား အလွမ်းများရယ်...

ဒီမှာ ကောင်မလေး.....
ခရီးဆောင်အိတ် အပြည့်
ငွေ့ရည်ဖွဲ့လာတဲ့ ပင်လယ်
ငါ့ မျက်ဝန်းပေါ် လာနား
ငါ့ သွားပါရစေ....
အလွမ်းနဲ့ပဲ င့ါထွက်သွားပါရစေ...။

ဒီမှာကွဲ့……………
မနက်ဖြန်ကို မျှော်ကိုးတာ
င့ါတစ်ယောက်တည်း မဟုတ်ပေ့မယ့်
အရာရာ ပေးဆပ်ခဲ့တာ
မင်းတစ်ယောက်တည်း အတွက်ပါ.....။

အလွမ်းညရဲ့ နိဂုံးမှာ...
ငါ့မျက်ရည်များနဲ့ပဲ
ရုန်းကန်းဝုက်တတ်ပေါ့.....။

ငါ့ရဲ့ အချစ်တွေကတော့………
ထာဝရ ကြယ်စင်အဖြစ်
အမြဲတမ်း တောက်ပနေဆဲပါ...…
ကောင်မလေးရယ်………။           ။

0 Comment:

Post a Comment

 
;