Saturday, January 19, 2013

*ခွင်လွှတ်ခြင်း*

ဟိုး...တစ်နေရာဆီမှာ
ငါ့....မရှိသောအခါ
တခြားရင်ခွင်မှာ မင်းပျော်နိုင်သလား
အလွမ်းများပို ရူးမိုက်ရသည်
အထီးကျန်စိတ်နဲ့ မျှော်လင့်ရတာ
မင်းမရှိတဲ့ ငါ့ဘဝ
မနက်ဖြန်ဆိုတာ လွှဲမှားနေခဲ့တယ်.....။  ။

မင်း...မုန်းလိုက်သောအခါ
ငါ့အသည်းများ ကွဲ
တမ်းတစိတ်နဲ့ ဆုတောင်းရတာ
မင်း ကျော့ခိုင်းသွားတဲ့ လမ်း
နာကျင်ခြေလှမ်းများစွာ လှမ်း
အနာဂတ်ဆိုတာ ဝေဝါးနေတယ်.....။   ။

ငါ့ဝေဒနာများ မင်းမသိ
ဒီလမ်းပေါ်က ခြေရာတွေ
ပျောက်ဆုံးသွားလည်း ရှာဖွေမိ
မင်းခြေလှမ်းတွေ ဟောင်မသွားပေ့မယ့်
ငါ့ရဲ့မျှော်လင့်ချက်ဆိုတာ နှောင်းခဲ့ရတယ် ။

ပိုင်ဆိုင်ခွင့်တွေနဲ့ စိတ်ကူးထားတဲ့
နှလုံးသားဒြပ်ဝတ္တုရဲ့ ချစ်ခြင်းများကို
ကန့်သတ်လိုက်သော ချစ်သူရင်ခွင်ဟာ
ငါ့မြတ်နိုးမှုနဲ့သာ တန်းဖိုးထားလိုက်ပါရစေ
ငါ့သိပ်ချစ်သူရေ......
နာလည်မှုဆိုတာ ခွင်လွှတ်ခြင်းပါပဲ…။   ။

                             *[တိမ်တိုက်]*

1 Comment:

Unknown said...

How coincidential

Post a Comment

 
;