Friday, January 11, 2013

ကာရံလွဲသော အချစ်ကဗျာတစ်ပုဒ်

ငါ့...သိပ်ချစ်ရတဲ့ ကောင်မလေးရေ

သည်ဘဝ၌ ဖူစားမဆုံ
နောက်နောင် သံသရာမှာ
ပိုင်ဆိုင်ခွင့် ကြုံပါရစေသား...

တောင်းဆုသက်သေ ကမ္ဘာမြေ
နက်ရှိုင်းနှလုံးသား ဝေဒနာများ
ဤလောကမှာ ကျေပါစေလား...

လွှင့်ရာဝိညာဉ် စွန်လွှတ်ခြင်း
မျော့ရာအိပ်မက် နိုးတစ်ဝက်
လင်းစဉ်အာရုဏ် နေခြည်ဦး
လွမ်းသံသာချို ကျေးငှက်တို့
ုပြင်းရှဒဏ်ရာ ရှည်လှစွာ
အချစ်ကဗျာ ကာရံလွဲ
အလွမ်းကဗျာ ဖြစ်ပေါ့ကွယ်....။    ။

0 Comment:

Post a Comment

 
;