Sunday, January 06, 2013

တိတ်ဆိတ်တဲ့ စကား

ကန့်သတ်ထားတဲ့ ကောင်းကင်ထက်
ပြစ်ဒဏ်သင့် လိပ်ပြာပမာ
စကားလုံးတွေ ယောက်ယက်ခတ်
တေးမသိနိုင်တဲ့ နေ့ရက်တွေ…။

မင်းမျက်ဝန်းမှာ တစ်ဆင့်
ပန်းတစ်ပွင့် မြင်ရတဲ့အကြောင်း
ငါ့ဘယ်လို့ အချက်ပြရမလဲ……။

ဆွံအတဲ့ လမ်းမတစ်လျှောက်
ငါ့တို့ရဲ့ နှင်းဆီရိုင်းတွေသာ
ပဲ့တင်ခတ် တုန်ခါနေကြတယ်……။

ငါ့ရင်ထဲက စကားတွေ
မုန်းတိုင်းလို့ ဖောက်ခွဲပစ်လိုက်ချင်ပေမယ့်
အသိခက်တဲ့ အကြည့်တွေနဲ့ပဲ
နှစ်ကိုယ်ကြား ပြောပြနေရတယ်.....။ ။

0 Comment:

Post a Comment

 
;