Wednesday, January 09, 2013

အဆိပ်မဲ့ ဆူး

သူ့ဆူးမှာ...
အဆိပ်တော့ မဲ့ပါရဲ့
ဒါပေမယ့်...
ငါ့ကိုတော့ ခြစ်ရှခဲ့
အချစ်တွေကြောင်း ရှတခဲ့ပေါ့...။

ဆူးကလေးရေ...
ဟင်းလင်းပြင်လို့ ထင်ရပေမယ့်
င့ါ မော့ကြည့်လိုက်တိုင်း
င့ါအပေါ် ငုံကိုင်းနေတဲ့
ကောင်းကင်ကြီးတောင်မှာ
အရောင်အမျိုးမျိုး ပြောင်းတတ်သေးတာ ။

မျက်ခွံပေါ်က.......
ဆိုးဆေးတွေလား
မိုးတိမ်တွေလား
အရောင်တွေနောက်
င့ါ အပြေးအလွှားလိုက်မိတော့...

ပန်းဖျော့ဖျော့ တစ်ညနေ
အချစ်တွေ ကွေးညွှတ်သွား
ဆူးကလေးရဲ့ မျက်တောင်ဖျားမှာ
အချစ်ကြောင်း . . . .
တောက်ပလွန်းတဲ့ ညနေတွေဟာ
အချစ်ကြောင်းပဲ
ပျောက်ရှသွားခဲ့ကြတယ်…………။

မှောင်ရီး ပြိုပြက်
နိုးတစ်ဝက် ညတွေမှာ
အိပ်မက်ယောင်တတ်သူဟာ
သူ့ ကံကြမ္မာ သူမယုံချင်ဘဲ
ဆူးတွေသာ ထွင်ထွင်နေရပေါ့………။  ။

0 Comment:

Post a Comment

 
;