Sunday, January 06, 2013

ချစ်ခြင်း၏ သန်ခေါင်ယံ

ညဥ့်ဦး ကြယ်ကလေးတွေဟာ
အမြင့်ကြီးမှာ မှုန်လို့ မွှားလို့………

ညဥ့်နက်တော့ ကြယ်ကလေးတွေ
နိမ့်ဆင်းလာကြ လင်းလို့ လက်လို့……

''အမှောင်ထဲမှာပဲ
     အလင်းက ရင့်ကျက်ရတယ် ''

ချစ်ခြင်းရေ…………
   ငါ့ကိုလည်း……………
     သန်ခေါင်ယံထဲမှာ မြုပ်နှံခဲ့ပါကွယ်…။ ။

2 Comment:

pyae phyo kyaw said...

အချစ်ဆိုတာတကယ်တော့ တံခါးပေါက်တခုပါပဲ စိတ်လိုလက်ရရှိတဲ့အခါ ၀င်လိုက်၊ ထွက်လိုက်နဲ့လေ ဟုတ်တယ်မလား တိမ်တိုက်

တိမ်တိုက် said...

ဟုတ်လိမ့်မယ် ထင်ခဲ့တယ်……
ဒါပေ့မယ့်……နောက်ဆုံးတော့လည်း
တစ်သက်လုံးအတွက် ချစ်ခြင်းတွေကို သော့ပိတ်ထားလိုက်ချင်တယ်……။ ။

Post a Comment

 
;