ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ
တိမ်တိုက်များ ဟာ
လရောင်လဲ့လဲ့ထဲ
ဖြတ်သန်းသွားကြတယ်……။ ။
မင်းလည်း ငါ့ဆီမရောက်ခဲ့
ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ
မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း
ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ
ချစ်သူတို့ရဲ့ ကန္တရလွင်ပြင်
ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း
ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့
ရထားသံလမ်းလေးတွေဟာ
ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး
သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ
ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။ ။
ညနေရီ……………
ခရောင်ကောင်းကင်လမ်း
အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ
ကျွန်တော် ကဗျာတစ်ပုဒ်ကို
သူ သတိမရနိုင်တော့ပါ……။ ။
တကယ်တမ်း တွေးတော့လည်း
သိသိသားသားလေး……
အလှမ်းဝေး နေဆဲပါပဲလေ………
မြက်ရိုင်းတောလေးဆိုပေ့မယ့်
မင်း အတွက်ဆိုရင်
ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။ ။
ဆန္ဒတွေဟာ ဆန္ဒပါပဲ……
အချိန်ကာလတွေကသာ
အချစ်ကို ရူးမိုက်မှုအဖြစ်
တန်းဖိုးဖြတ်ခဲ့ပေါ့……။ ။
အဲဒီလို့နဲ့ပဲ……
မျှော်လင့်ချက်တွေဟာလည်း
ဒုက္ခိတ တစ်ယောက်လို့
ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။ ။
ချစ်သူအတွက် ဒီရင်ထဲက……
ကဗျာများကိုလည်း
သူ နှလုံးသားမှာ
သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။ ။