တိတ်တဆိတ် ကြယ်စုံည
လရောင်အလင်း ဖြန့်ဝေ
ဒီလို့ညမျိုး တမ်းတခဲ့တာ
ရင်ခွင်တစ်ခုလုံး ဒဏ်ရာရခဲ့ပြီး…။ ။
ကြည့်နူးစွာ ထားရစ်ခဲ့တော့
သံယောဇဉ် မီးအိမ်ရှင်မလေးရေ
ဘယ်လောက်ထိ ဝေးကွာရမှာလဲ……။ ။
ချစ်ခြင်း၏ ရင်ကွဲည
မက်ခွင့်မရှိတော့တဲ့ အိပ်မက်များ
မျှော်လင့်ချက် လပြည့်ညမှာ
သူ ဖျက်စီးပစ်တာ ကြာလှပေါ့……။ ။
ညမွှေးပန်းဟာ တဖျန်းဖျန်း
အလွမ်းများ ခြွေလဲကြွေ
ဒီလို့ အထီးကျန် သန်ခေါင်ယံည
တိတ်တဆိတ်ပဲ မျက်ရည်ဝဲ……။ ။
5 Comment:
ကဗျာလေကအရမ်းကောင်းတာပဲးးးးးး
အရမ်းလဲကြိုက်တယ်ကူယူသွားပြီးနော်ဆရာတိမ်တိုက်
အရမ်းကောင်းတဲ့ကဗျာလေးတွေခံစားချက်နဲ့တိုက်ဆိုင်လို့
beetalk မမှာကော်ကော်လေးလုပ်ထားတယ်နော်
ကြိုက်လိုယူသွားပြီးဗျာ
👍👍👍👍👍👍
Post a Comment