ဘဝကြမ်းတော့ မကြင်နာရက်ဘူး
တိတ်တဆိတ်ပင် စွဲလမ်းခဲ့ရာ
အဝေးက ရင်ခုန်သံ
နူးညံ့ပျော့ပျောင်း အချစ်တန်ဖိုးနဲ့
ဒီနှလုင်္းသားမှာ ချစ်ခဲ့ဖူးသည်.....။ ။
မဖြစ်နိုင်သော အဆင့်အတန်းများ
ကောင်ကင်းနဲ့ မြေကြီးပမာဏလို့
ကွားခြားနေလေတော့...
တော်ရာမှာ တမ်းတလျက်
ဒီနှလုံးသားတစ်ရပ်စာမြင့်တဲ့ မင်းလေကို
ကွယ်ရာမှာဘဲ ချစ်နေရုံပါပဲ.....။ ။
ငါ့ဘဝထဲကို မလာပါနဲ့
မင်းအိပ်မက်တွေ ပျက်စီးသွားမှာဆိုးလို့
နာလည်ပေးပါ ကောင်မလေးရေ....
ခွင်လွှတ်နိုင်မယ့်ဆိုရင်ပေါ့...
ငါ့တစ်ခုလောက်တော့ ပြောပါရစေ
မင်းဘဝ ပြီးပြည့်စုံနေသရွေ့တော့
အလှပဆုံး ဖြတ်သန်းပါကွယ်....
လူတကာ အလယ်မှာ
မင်း မျက်နှာမငယ်စေချင်ရုံကလေးပါ…။
အဲဒီလို့ .........
တစ်နေ့နေ...တစ်ချိန်ချိန်ပေါ့
ဒီကမ္ဘာမှာ ချစ်ခဲ့ဖူးသည်
တိတ်တဆိတ်လေးပါဘဲ………။ ။
1 Comment:
What to say about this poem!
Post a Comment